ဘာသာစကား ပြောင်းရန် : Find us on Facebook
09 799595011
09 266226651
[email protected]

ဘလော့ဘုတ်

Size – 8’ x 4’

Thickness – 17mm

ဘလောက်ဘုတ် ဆိုတာ တကယ်တော့ အထပ်သား အလွှာနှစ်ခုအကြား သစ်သားတုံးကလေးတွေ စီပြီးကော်နဲ့ ကပ်ထားတဲ့ ပစ္စည်းဖြစ်ပါတယ်။ ပြီးရင် အပေါ်အောက် အထပ်သား၂ချပ်ကြား မြင့်မားသော ဖိအားနဲ့ အပူပေးပြီး ကပ်ထားတာဖြစ်ပါတယ်။

အထပ်သား နဲ့ ဘလောက်ဘုတ် ကွားခြားချက်က အထပ်သားက သစ်ပင် ပင်စည်ကိုလွှာပြီးရလာတဲ့ veneer လို့ခေါ်တဲ့ သစ်အလွှာကလေးတွေကို ကော်သုတ်ပြီးကပ်ထားတာဖြစ်ပါတယ်။ ပြီးရင် လိုအပ်တဲ့ မီးအပူချိန်နဲ့ ဖိအားနဲ့ ဖိထားတာဖြစ်ပါတယ်။

ဘလောက်ဘုတ် ကို ဘာကြောင့် နိုင်ငံတကာမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသလဲ ဆိုတော့...
# ပရိဘောဂလုပ်ငန်းတွေမှာ ရှည်လျားတဲ့ဘီဒို, စားပွဲ သို့မဟုတ် မြင့်တဲ့ဘီဒို, ကက်ဘိနက် နေရာတွေမှာ အထပ်သားသုံးမယ် ဆိုရင် ကွေးသွားနိုင်တာတွေ ညွတ်ကျနိုင်တာတွေ ဖြစ်နိုင်ပါတယ်။ အဲဒီလို မဖြစ်အောင် သစ်သား အချောင်းလိုက်သုံးပြန်ရင်လဲ ကုန်ကျစရိတ် ပိုများပြီး သစ်တော ပြုန်းတီးမှုကြောင့် ပတ်ဝန်းကျင် ပါထိခိုက်နိုင်ပါတယ်။

  • ဘလောက်ဘုတ် ကတော့ ကွေးသွားခြင်း ညွတ်သွားခြင်း လုံးဝမဖြစ်ပါ။
  • သစ်သားဈေး ထက် ဘလောက်ဘုတ်ဈေး က အဆပေါင်းများစွာ သက်သာပါတယ်။
  • ဘလောက်ဘုတ် က ပေါ့ပါးတဲ့အတွက် သယ်ယူရ လွယ်သလို ပရိလောဂလုပ်သူများ ကြားထဲမှာ အသုံးများတဲ့ ပစ္စည်းတခုဖြစ်နေပါပြီ။
  • ဘလောက်ဘုတ် မှာ ပလိန်းဘုတ်တွေ ကို laminate / ဖော်မီကာကပ်ပြီး သုံးကြသလို laminate ကပ်ပြီးသား အရောင်မျိုးစုံလဲ ရှိပါတယ် ။
  • ဘလောက်ဘုတ် ကို ကုတင်, စာအုပ်စင်, ဘီဒို, စားပွဲ , ထိုင်ခုံ ,တံခါး , အစရှိသည့် အတွင်းခန်းသုံး ပရိဘောဂ ပစ္စည်းတွေမှာ သုံးကြပါတယ်။