ဘာသာစကား ပြောင်းရန် : Find us on Facebook
09 799595011
09 266226651
[email protected]
Smart Board

Smart Board

ဖိုင်ဘာ သစ်စေးမျှင်၊ ကျောက်မှုန့်နဲ့ ဘိလပ်မြေ ရောစပ်ပြုလုပ်ထားပြီး ကျောက်ပြား လို့လည်း လူသိများကြပါတယ်။ အားသာချက်တွေကတော့ အုတ်အစားထိုး အိမ်အပြင် ကာလို့ရတဲ့အတွက် ကုန်ကျစရိတ် သက်သာခြင်း၊ ရေစိုခံခြင်းနဲ့ ခြမစားခြင်းတို့ပဲဖြစ်ပါတယ်။ ပိုမိုဖတ်ရှုရန်
WPC (Wood Plastic Composite)

WPC (Wood Plastic Composite)

WPC သစ်သား - ပလပ်စတစ်ဖွဲ့စည်းမှုသည် စွန့့်ပစ်ပစ္စည်းများ ဖြစ်သော လွှစာမှုန့်၊ သစ်သား အမှှုန့်နှင့် သာမိုပလပ်စတစ် တို့ ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ပုံစံခွက်ထဲတွင် ထည့်ကာလိုအပ်သော သစ်သားအပြား ပုံဖော်ထားခြင်း ဖြစ်သည်။ WPC သည် သစ်မှုန်(70%)နှင့် Plastic (30%) ဖြင့် ထုတ်လုပ်ထားသောသဘာဝ ပတ်ဝန်းကျင် ကို မထိခိုက်သော ရေစိုခံ ကြမ်းခင်းပြား ဖြစ်ပါသည်။ ပိုမိုဖတ်ရှုရန်
Block Board

Block Board

ဘလောက်ဘုတ် ဆိုတာ တကယ်တော့ အထပ်သား အလွှာနှစ်ခုအကြား သစ်သားတုံးကလေးတွေ စီပြီးကော်နဲ့ ကပ်ထားတဲ့ ပစ္စည်းဖြစ်ပါတယ်။ ပြီးရင် အပေါ်အောက် အထပ်သား၂ချပ်ကြား မြင့်မားသော ဖိအားနဲ့ အပူပေးပြီး ကပ်ထားတာဖြစ်ပါတယ်။အထပ်သား နဲ့ ဘလောက်ဘုတ် ကွားခြားချက်က အထပ်သားက သစ်ပင် ပင်စည်ကိုလွှာပြီးရလာတဲ့ veneer လို့ခေါ်တဲ့ သစ်အလွှာကလေးတွေကို ကော်သုတ်ပြီးကပ်ထားတာဖြစ်ပါတယ်။ ပြီးရင် လိုအပ်တဲ့ မီးအပူချိန်နဲ့ ဖိအားနဲ့ ဖိထားတာဖြစ်ပါတယ်။ ပိုမိုဖတ်ရှုရန်
Rubber Plywood

Rubber Plywood

ရေစိုခံ ရာဘာ အထပ်သား (KT) သည် ရာဘာပင်မှ သစ်ပါးလွှာများကို တစ်လွှာချင်းကော်ဖြင့် ကပ်ထားပြီး မျက်နှာပြင်ကို ယူကလစ် veneer ကပ်ထားသော ရေစိုခံ အထပ်သား တစ်မျိုးဖြစ်ပါသည်။ ပိုမိုဖတ်ရှုရန်

ကျွနုပ်တို့အကြောင်း

 

အောင်ပွား ကို ၂၀၁၅ ခုနှစ် ၌ ရန်ကုန်မြို့တွင် စတင်တည်ထောင်ခဲ့ပြီး၊ ဆောက်လုပ်ရေး နှင့် အလှဆင် ခြင်းတို့အတွက် အထပ်သား၊ ဘလော့ဘုတ် ၊ ဖင်းဂါးဂျိုင့် စသည်တို့ ကို ဖြန့်ဖြူးရောင်းချပေးပါသည်။ ၂၀၁၆ ခုနှစ်မှာ အောင်မြင်မှုရရှိခဲ့ပြီးနောက် တခြားမြို့များမှာ ဆိုင်ခွဲများလည်း ဖွင့်လှစ် နိုင်ခဲ့ပါသည်။

 ၂၀၁၇ခုနှစ် မှာတော့ Raised Floor ကို တရုတ်နိုင်ငံ မှတင်သွင်းပြီး IT လုပ်ငန်းများ နှင့် Telecom လုပ်ငန်းများ အတွက် ပစ္စည်းရောင်းချပေးခြင်း နဲ့ installation ကို ပြုလုပ်ပေးပါသည်။