စမတ်ဘုတ် (Calcium Silicate board)
ဖိုင်ဘာ သစ်စေးမျှင်၊ ကျောက်မှုန့်နဲ့ ဘိလပ်မြေ ရောစပ်ပြုလုပ်ထားပြီး ကျောက်ပြား လို့လည်း လူသိများကြပါတယ်။
ဆိုဒ်က 8’ x 4’ ဖြစ်ပြီး အထူအားဖြင့် 4.5mm, 5mm, 6mm, 8mm အသုံးများပြီး 18mm အထိ ရနိုင်ပါတယ်။
အားသာချက်တွေကတော့ အုတ်အစားထိုး အိမ်အပြင် ကာလို့ရတဲ့အတွက် ကုန်ကျစရိတ် သက်သာခြင်း၊ ရေစိုခံခြင်းနဲ့ ခြမစားခြင်းတို့ပဲဖြစ်ပါတယ်။